စစ်ကောင်စီ၏ ဥပဒေများဖြင့် လူ့အခွင့်အရေးကန့်သတ်ချုပ်ချယ်ထားမှုများ

LEGAL & POLITICAL DEPARTMENTRESEARCH & DOCUMENTS

မွန်မွန်

2/17/20241 min read

ယခုစာတမ်းငယ်တွင် မင်းအောင်လှိုင်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) မှ ဥပဒေပြုရေးအာဏာအား ကျင့်သုံးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ဒီဇင်ဘာ ၇ ရက်နေ့အတွင်း မည်သည့် ဥပဒေများအား အသစ်ပြဌာန်းထားသည် နှင့် ပြောင်းလဲပြင်ဆင်ထားသည်များကို အဓိကထားလေ့လာထားပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲလိုက်သော ဥပဒေများသည် မည်သည့်အတိုင်းအတာ ထိ လူ့အခွင့်အရေးစံချိန်စံနှုန်းများအား ချိုးဖောက်ထားသည်ကို လေ့လာဖော်ထုတ်ထားခြင်းဖြစ်ပါသည်။ စစ်ကောင်စီမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေငြာချက် များအား ထည့်သွင်း သုံးသပ်ထားခြင်းမရှိပါ။

ယခုစာတမ်းငယ်ပါအကြောင်းအရာများသည် စကစ၏ နိုင်ငံတော်အာဏာများကျင့်သုံးထားမှုအပေါ် ထောက်ခံသောသဘောဖြင့် သုံးသပ်တင်ပြရခြင်းမဟုတ်ဘဲ စကစ၏ ဥပဒေပြုရေးအာဏာကျင့်သုံးကာ ပြဌာန်းလိုက်သော ဥပဒေပြင်ဆင်ချက်များကြောင့် နိုင်ငံသားများ၏ အခွင့်အရေးဆုံးရှုံးသွားရမှုများသာ ဖော်ထုတ်ပြသလိုခြင်းဖြစ်သည်ကို သတိပြုစေလိုပါသည်။

စာတမ်းအပြည့်အစုံကို ဒေါင်းလုတ်ရယူရန် ...