အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆောင်းပါး

AWARENESSHUMAN RIGHTSARTICLE

6/13/20241 min read

ယနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် ၇၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း (Universal Declaration of Human Rights) ကို ချမှတ်ပြဌာန်းခဲ့သည်မှာ ယနေ့တွင် ၇၄ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဥပဒေပေါင်းကူး-Bridging the Laws မှ စာဖတ်သူများအတွက် လူသားတိုင်းရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအား ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ်များအား မျှဝေလိုက်ရပါတယ်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့၏ ဆောင်ပုဒ်မှာ "အားလုံးအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု" ဖြစ်ပြီး ပြည်သူများလည်း လူ့ဂုဏ်သိက္ခာရှိရှိဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုတို့ ရရှိခံစားနိုင်စေရေး ဆုမွန်ကောင်းတောင်းအပ်ပါတယ်။