အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးသည့်ဖက်ဒရယ်တရားစီရင်ရေး

PANEL

6/13/20241 min read

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစဉ်ထဲကစစ်မှန်သည့် ဖက်ဒရယ်စနစ်အား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း မရှိပေ။ ခေတ်အဆက်ဆက်တရား စီရင်ရေးစနစ်သည်တစ်ပြည်ထောင်စနစ်အနေနဲ့သာတည်ရှိခဲ့သဖြင့် ဖက်ဒရယ်တရားစီရင်ရေးနှင့်ပတ်သက်၍သီအိုရိအရသော်လည်းကောင်း ၊ လက်တွေ့ကျင့်သုံးမှုအရသော်လည်း ကောင်း အချင်းချင်းကြားသိရှိနားလည်မှုနည်းပါးလျက်ရှိပါသည်။

ထို့ကြောင့်ယခုစကားဝိုင်းဆွေးနွေးပွဲသည်ဖက်ဒရယ်တရားစီရင်ရေးနှင့်ပတ်သက်၍ သိရှိထားသင့်သည့်စံနှုန်းများ ၊ဝိသေသလက္ခဏာများ ၊ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံနှင့်စီရင်ပိုင်ခွင့်အာဏာအပါအဝင်ယူနစ်တစ်ခုချင်းစီတွင် လည်ပတ်ရမည့်တရားစီရင်ရေးယန္တားများအား မိမိတို့တစ်ဦးချင်းစီ၏သဘောထား အမြင်များကိုရှုဒေါ့င်ပေါင်း စုံမှလွတ်လပ်စွာဆွေးနွေးကြမည့်စကားဝိုင်းတစ်ခုဖြစ်ပါသည်။

ထို့ကြောင့် ‘အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးသည့်ဖက်ဒရယ်တရားစီရင်ရေး’ ဆိုသည့် ခေါင်းစဥ်ဖြင့်

  • ဆလိုင်းအိုက်ဇက်ခင် (သဘာပတိအဖွဲ့ဝင်၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)

  • ဒေါက်တာစုယဉ်ထွန်း (CDM ပါမောက္ခ၊ ဥပဒေပညာဌာန)

  • စောကပီ (School of Governance & Public Policy)

တို့မှပါဝင်ဆွေးနွေးခဲ့သော စကားဝိုင်းဆွေးနွေးပွဲဖြစ်ပါသည်။ “မမေမှ Moderator” အဖြစ် ဆောင်ရွက်ထားပါတယ်။