စစ်ပွဲအတွင်း အရပ်သားတွေကို ဘယ်လိုကာကွယ်ကြမလဲ
PANEL
6/13/20241 min read

ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် စကစနှင့် တော်လှန်ရေးအင်အားစုများအကြား တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲများသည် အရှိန်မြင့်တက်လျက်ရှိသောကာလဖြစ်သည်ကိုတွေ့ရှိရပါသည်။
ဒါ့ကြောင့်ပြည်သူလူထုအနေဖြင့် စစ်ပွဲများအကြားတွင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများအရ မည်ကဲ့သို့ အကာအကွယ်ပေးနိုင်မည်နည်း၊ လက်နက်ကိုင်တပ်သားများ၏ စစ်သည်တော်ကျင့်ဝတ်များနှင့် စစ်ပွဲအတွင်း အရပ်သားပြည်သူလူထု၏ အခြေအနေများကိုသိရှိစေရန်ကျင်းပပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲဖြစ်ပါသည်။
ယခုစကားဝိုင်းဆွေးနွေးပွဲကို
● စစ်ပွဲအတွင်းမှာ အရပ်သားများအပေါ် ဥပဒေစည်းမျဥ်းအရ အကာအကွယ်ပေးနိုင်မှု အခြေအနေအား လူထုအကြားသိရှိစေရန်
● စစ်ပွဲအတွင်းမှာ အရပ်သားများ၊ စစ်ဘေးရှောင်များအား ကူညီပံ့ပိုးမှုနှင့် တရားမျှတမှုရှာဖွေပေးနိုင်မှု အခြေအနေအား ပိုမိုသိရှိနိုင်စေရန်
● စစ်ပွဲအတွင်းရှိ အရပ်သားများ၏ စကားသံများအား နားထောင်ဖလှယ်ကာ ဆွေးနွေးနိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
ပါဝင်ဆွေးနွေးခဲ့သည့်ပုဂ္ဂိုလ်များကတော့
ဦးအောင်မျိုးမင်း (ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ - NUG)
ရိုးအံ့မင်း (နိုင်ငံရေးမှူး၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် - BPLA)
တင့်ဇော်ဟိန်း (Co-founder, နွေဦးဂုရုလေးများ) တို့မှ ဦးဆောင်ဆွေးနွေးခဲ့သော စကားဝိုင်းဆွေးနွေးပွဲဖြစ်ပါသည်။
မမေမှ Moderator” အဖြစ် ဆောင်ရွက်ထားပါတယ်။