အမှန်တရားရှာဖွေခြင်း ယန္တရား
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုတွင် ပါဝင်တဲ့ ယန္တရား (၄)ခုအနက်မှ အမှန်တရားရှာဖွေခြင်း ယန္တရားအကြောင်းကို ဆက်လက်ဖော်ပြချင်ပါတယ်။ အသေးစိတ်အကြောင်းအရာများကို ဖော်ပြပါရုပ်ပုံများအောက်တွင် ဖတ်ရှုနိုင်ပါတယ်။
HUMAN RIGHTS
4/23/20241 min read


အမှန်တရားရှာဖွေခြင်းဆိုတာ အတိတ်ကာလများတွင် နိုင်ငံတွင်းမှာဖြစ်ပေါ်ခဲ့သောတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောင်အနာဂတ် ငြိမ်းချမ်းသောကလများရောက်ရှိသည့်အခါ လျစ်လျှူရှုမထားဘဲ အတိတ်တွင်ဖြစ်ပျက်ခဲ့သောအမှန်တရားများအား ပြန်လည်ဖော်ထုတ်ခြင်းကိုဆိုလိုပါတယ်။


ယခုဖော်ပြချက်မှာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသောအောက်မေ့ဖွယ်အဖြစ် United State Holocaust Memorial Museum တွင် အမှန်တရားရှာဖွေခြင်းနှင့်ပက်သက်သောဖော်ပြချက် ဖြစ်ပါသည်။


အမှန်တရားတွေရှာဖွေဖို့ဘာကြောင့်အရေးကြီးတာလဲ
- သမိုင်းမှန်အားရှာဖွေ၍မှတ်တမ်းတင်ရန်
- အနာဂတ်တွင်အလားတူလူ့အခွင့်အရေးချိုးဖောက်မှုများထပ်မံမဖြစ်ပွားစေရန်
- ကျူးလွန်သူများသည်တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်
- နစ်နာသူများအတွက်တရားမျှတမှုပြန်လည်ယူဆောင်ပေးရန်
- အရပ်ရပ်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန်


အမှန်တရားတွေကိုရှာဖွေကြတဲ့အခါ အမှန်တရားရှာဖွေရေးကော်မရှင်များနှင့် စနစ်တကျအမှန်တရားရှာဖွေခြင်းများပြုလေ့ရှိကြပါတယ်။ အမှန်တရားရှာဖွေရေးကော်မရှင်များတွင် အစိုးရမှဦးဆောင်သောအမှန်တရားရှာဖွေရေးကော်မရှင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှဦးဆောင်သောအမှန်တရားရှာဖွေရေးကော်မရှင်များရှိပါသည်။
သတိပြုရမည်မှာ အမှန်တရားရှာဖွေရေးကော်မရှင်များသည် တရားရုံးမဟုတ်ပါ။
ကာလအပိုင်းအခြားသတ်မှတ်ချက်ဖြင့်တည်ထောင်ထားသော လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ပါသည်။
အတိတ်ကာလက ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ မှတ်တမ်းတင်သည်။
ရှင်သန်လွတ်မြောက်လာသူများ နှင့် နစ်နာခံစားခဲ့ရသူများ၏ လိုအပ်ချက်နှင့် လုံခြုံရေးကို အထူးအလေးပေးသည်။
ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ယုံကြည်အားကိုးမှုရှိရန် အလွန်လိုအပ်သည်။